မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒဌာန သင်ကြားရေး website သို့ လာရောက်ကြည့်ရှုတဲ့အတွက် လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဌာနမှ တာဝန် ယူသင်ကြားပေးနေသော ဘာသာရပ်များကိုလေ့လာ ကြည့်ရင် “interdisplinary” ဖြစ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ “မွေးမြူရေးပညာဘွဲ့” နောက်ဆုံးနှစ် ကျောင်းသား/သူများအား “ပျားနှင့်ငါးမွေးမြူရေး”၊ ပဉ္စမနှစ် “တိရစ္ဆာန်ဆေးပညာဘွဲ့” ကျောင်းသား/သူများအား “ပျားနှင့်ငါးရောဂါ”၊ နောက်ဆုံးနှစ်  “တိရစ္ဆာန်ဆေးပညာဘွဲ့” ကျောင်းသား/သူများ အား “တောရိုင်းတိရစ္ဆာန်ဆိုင်ရာဆေးပညာ” စသော ဘာသာရပ်များကို သင်ကြား ပို့ချလျှက်ရှိပါတယ်။ ဌာန အနေ ဖြင့် “သင်ကြားရေးသည် သုတေသန၊ သုတေသနသည် သင်ကြားရေး အတွက်” ဟူသော   ရည်းမှန်းချက်ထားလျှက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သုတေသနလုပ်ငန်း များကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျှက်ရှိပါတယ်။ ထို့ပြင် မွေးမြူရေး၊ ဆေးကုသရေးတို့နှင့့်် ပတ်သက်၍ knowledge sharing, team work and extension တို့ကို အကောင်အထည်ဖော်သည့်အနေနှင့် မြန်မာ့သစ်ထုတ်လုပ်ငန်းမှ ဆင်ဆေးကုဆရာဝန်များ၊ တိရစ္ဆာန်ဉယျဉ်များမှ  ဆရာဝန်များ၊ ပျား နှင့် ငါး မွေးမြူရေး လုပ်ငန်းရှင်များနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ နောက်ဆုံးနှစ်  တိရစ္ဆာန်ဆေးပညာဘွဲ့ ကျောင်းသား/သူများ၏ ဘွဲ့ယူကျမ်းအတွက် သုတေသနများကိုလည်း နှစ်စဉ်တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ကျောင်းသား/သူများ သင်ကြားရေးအထောက်အကူအနေနှင့် အခါအားလျော်စွာ ပြည်တွင်းပြည်ပ ပညာရှင်/အဖွဲ့အစည်းများအား ဖိတ်ခေါ်၍သင်ခန်းစာများပို့ချစေခြင်း၊ ဆင်စခန်း၊ တိရစ္ဆာန်ဉယျဉ်၊ ငါး ပျားမွေးမြူရေးစခန်းများ၊ ငါးပြတိုက်စသည်တို့အား လက်တွေ့ကွင်းဆင်းလေ့လာ၍ challenges and  problem solving အားသင်ယူလေ့လာစေခြင်းနှင့် လေ့လာမှုများကို assignments and presentations များပြုလုပ်စေခြင်းဖြင့် self-learning ကိုလည်း လေ့ကျင့်ပေးလျှက်ရှိပါသည်။ ဘာသာရပ်အသစ်များဖြစ် ၍ ယခင်က ဘွဲ့လွန်သင်တန်းများမရှိခဲ့သော်လည်း ယခုအခါ ဘွဲ့လွန်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြား ပေးလျှက် ရှိပါသည်။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ငါးမွေးမြူရေးနှင့်  ငါးရောဂါဗေဒဌာန၏ ပါမောက္ခ၊ဌာနမှူးအနေဖြင့် မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော သုတေသနလုပ်ငန်းများကို ပူးပေါင်းပါဝင်နိုင်ဖို့ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းများကို ကြိုဆိုပါသည်။